ပက်လက်လှန်ကာနေ ။
ကြွေကျတဲ့ အရွက်များ ၊
အမြဲလွန်ထင်ရှား ။
စဉ်းစားကြည့်က ထိုသူငါ ၊
ဤနည်းအတူသာ ။
ရွာမှာ ပျော်ဖို့ စိတ်မိုက်အား ၊
ပယ်ရှားပါတော့လား ။
ပယ်ရှားပြီးက ရဟန်းဘောင် ၊
ကူးဖို့ စိတ်ကူးမောင် ။
အဆောင်ဖြစ်တဲ့ သုံးသင်္ကန်း ၊
သပိတ်လွယ်ကာထမ်း ။
ကမ္မဋ္ဌာန်းနှင့် ပျော်စမ်းခြင် ၊
နောက်နောင် ကောင်းဖို့ပင် ။
ဆရာရှင်တို့ ကျင့်စဉ်လမ်း ၊
တို့လဲ လိုက်ခြင်စမ်း ။

No comments:
Post a Comment