ကျွန်တော်တို့ Browser တစ်ခုထဲမှာ G-mail
 နှစ်ခုကို တစ်ပြိုင်ထဲဖွင့်ပြီး အသုံးပြုချင်သူတွေ အတွက် နည်းလမ်းလေးပါ ..
 သိပြီးသား သူတွေကတော့ သည်းခံပေးပါ .. ကျွန်တော် အဆင်ပြေပြေ 
လုပ်တက်သွားအောင် အောက်မှာ ပုံလေးတွေနဲ့လည်း ရှင်းပြပေးထားပါတယ် .. 
အရင်ဆုံး မိမိတို့ ဖွင့်ချင်တဲ့ G-Mail
 အကောင့် တစ်ခုကို  ၀င်လိုက်ပါ .. ပြီးရင် ကျွန်တော် အောက်ကပုံမှာ ပြထားတဲ့
 အတိုင်း မိမိတို့ အကောင့်လေးကို နှိပ်လိုက်ပါ .. ပေါ်လာတဲ့ အထဲက Switch account ကိုနှိပ်လိုက်ပါ .. အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..
အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်  Sign in to another account ကိုနှိပ်လိုက်ပါ .. ဒါဆိုရင် နောက်ထပ် အကောင့်တစ်ခု ထပ်ဝင်လို့ ရမဲ့ စာမျက်နှာလေး ပေါ်လာပါလိမ့်မယ် ..
အောက်ကပုံအတိုင်း မိမိတို့ G-Mail အကောင့် နောက်တစ်ခုကို ရိုက်ထည့်ပြီးသွားပြီ ဆိုရင်တော့ Browser တစ်ခုထဲမှာ အကောင့်နှစ်ခုလုံးကို တစ်ပြိုင်ထဲ အသုံးပြုလို့ ရသွားပြီ ဖြစ်ပါတယ် ..
မူရင်း ကိုနေမင်းမောင်ဆီမှ ကူးယူဖော်ပြထားပါသည်..
 





 
No comments:
Post a Comment