ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ များကို ဦးထိပ်ထားလျှက်

ဘလော့ခေါင်းစဉ်များ

16.07.2012 ရက်နေနံနက် 1 နာရီတိတိတွင် သည်ဆိုဒ်လေးကို တည်ထောင်ပါသည်။ အားလုံးအတွက် အချိန်တိုင်းဟာ တန်ဖိုးရှိနေသလိုပညာရှင်ကြီးများရေးသားထားသောနည်းပညာများကိုလည်းပြန်လည်မျှဝေနေပါ့မည်။★♫ အောင်မြတ်ဦး ★♫ မြင်းခြံ ★♫

Saturday, 21 July 2012

MP3 TAG (mp3 မှာရုပ်ပုံတွေ ထည့်သွင်းနည်း )

အောင်မြတ်ဦး(မြင်းခြံ) | 11:38 | Best Blogger Tips

MP3 TAG (mp3 မှာ ရုပ်ပုံတွေ ထည့်သွင်းနည်း)


 

အသုံးဝင်ပုံကတော့ ဒီလိုပါ..MP3 သီချင်း တစ်ပုဒ်ကို windows player နဲ့ ဖွင့် လိုက်ရင်သီချင်းတွေမှာ ပုံလေးတွေ ပါနေတက်ပါတယ်..windows plyer ပုံလေးတွေနဲ့ တွေ့မြင်နေရပါတယ်..တစ်ချို့ ကျတော့လည်း ဘာမှပါမလာဘူး....ပုံလေးတွေ ပါမလာတဲ့ mp3 သီချင်း ကို မိမိကြိုက် နှစ်သက်ရာ ပုံနဲ့အစားထိုးကြည့်ရအောင်.
.ပုံပါ ပြီးသားသီချင်းတွေကိုလည်း မိမိ စိတ်ကြိုက် ပုံလေး တွေနဲ့ အစားသွင်းလို့ရပါတယ်…

အောက် မှာ ပုံ နဲ့  ရှင်းပြပေးထားပါတယ်…
နားလည်နိုင်အောင် အတက် နိုင်ဆုံး ရှင်းပြပေးထားပါတယ်..ဒီဆော့ဝဲလ် မှာ တခြား ကလိစရာတွေလည်း အများကြီးပါ .. ဒေါင်းလော့ယူပြီး ကလိကြည့်ကြပေါ့..


  • ပုံ (၁) ကတော့ Add driectory ပါ..အဲဒါကို နှိပ်ပြီး သီချင်းတွေ သိမ်းထားတဲ့ မိမိ ကွန်ပျူတာ ထဲက ဖိုင်ကို သွား ယူရမှာပါ…ယူပြီးသွားရင်တော့ ဆော့ဝဲလ် ဖိုင်ထဲကို သီချင်းတွေ ရောက်နေပါလိမ့်မယ်…
  • ပုံ(၂) ကတော့ မိမိပြုပြင်လိုတဲ့သီချင်း (ပုံအစားသွင်းချင်တဲ့သီချင်း)ကို မြှားထောက်ပြီး ကလစ် နှစ်ချက်ဆက်တိုက် နှိပ်လိုက်ပါ..အိုကေ…
  • ပုံ(၃) ကတော့ အစားသွင်းမယ့် ပုံနေရာလေးပါ..အဲဒီ ကွပ်လပ်နားမှာ မြှားထောက်ပြီးတော့ right click လိုက်ပါ..Add cover..reomve cover ..extract cover ဆိုပြီး ပေါ်လာလိမ့်မယ်..ပုံမှာပြထားပါတယ်..
အဲဒီထဲကမှ add cover ကို နှိပ်ပြီး အစားသွင်းလိုသော ပုံကို မိမိ ကွန်ပျူတာထဲမှ သွားယူပါ..အိုကေ..တခြားဖြည့်စွပ်စရာတွေ ရှိရင်လည်း ဖြည့်စွပ်ပါ..tittle..album artist..အဲဒီနေရာမှာတွေမှာ လိုသလိုပြုပြင်လိုက်ပါ..ပြီးသွားပြီဆိုရင်တော့..
  • ပုံ(၅) နေရာဟာ save(သိမ်းဆည်းမယ့်နေရာပါ..)ဖိုင်တစ်ခု သိမ်းမလားလို့ မေးလာရင် OK .ပေးလိုက်ပါ
  • ပြီးသွားပြီဆိုရင် အဲဒီသီချင်း ကို သီချင်းတွေ သိမ်းထားတဲ့ ဖိုင်မှာ သွား ရှာပြီး window player နဲ့ ဖွင့်ကြည့်ပါ..မိမိ အစားသွင်းထားသော ပုံလေးနဲ့ သီချင်းလေး အလန်းဖြစ်နေပါလိမ့်မယ်…
 
 
SOFTWARE မြို့တော်မှ ကူးယူဖော်ပြထားပါသည်...

No comments:

Post a Comment