ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ များကို ဦးထိပ်ထားလျှက်

ဘလော့ခေါင်းစဉ်များ

16.07.2012 ရက်နေနံနက် 1 နာရီတိတိတွင် သည်ဆိုဒ်လေးကို တည်ထောင်ပါသည်။ အားလုံးအတွက် အချိန်တိုင်းဟာ တန်ဖိုးရှိနေသလိုပညာရှင်ကြီးများရေးသားထားသောနည်းပညာများကိုလည်းပြန်လည်မျှဝေနေပါ့မည်။★♫ အောင်မြတ်ဦး ★♫ မြင်းခြံ ★♫

Wednesday, 1 August 2012

~~လွမ်းတဲ့စာ~~

အောင်မြတ်ဦး(မြင်းခြံ) | 11:19 | Best Blogger Tips
အချစ်ကလေး

သတိရခြင်းများစွာနဲ့ မင်းဆီကို စာရေးလိုက်ပါတယ်။ sending fail ဖြစ်လိုက်၊ network error ပေါ်လိုက်၊ TCP/ IP error လာလိုက်နဲ့မို့ ဒီစာကို ၅ ခေါက်လောက်ပို့လိုက်ရတယ်။ စာပို့နေတုန်း မီးက ဖျတ်ခနဲ ပြတ်သွားတာ နိမိတ်မကောင်းလိုက်တာ.. နိုင်ငံခြားမှာနေရင်း လမ်းကြိုလမ်းကြားသွားရင် ကြည့်သွားနော် ခွေးလိုက်ဆွဲခံနေရဦးမယ်။ တော်သေးတာပေါ့ လက်ပ်တော့နဲ့သုံးနေလို့ ပို့လို့ရတာ။ အခုသုံးနေတဲ့ လက်ပ်တော့က ပန်းသီးထက်ပိုကြီးတဲ့ နာနာတ်သီး လက်ပ်တော့လေ။ အသစ်တော့ ဝယ်မကိုင်နိုင်ပါဘူး။ အဟောင်းဝယ်သုံးတဲ့ သူငယ်ချင်းတစ်ယောက်ဆီကနေ ပြန်ဝယ်တဲ့ နောက်သူငယ်ချင်းတစ်ယောက်ဆီက ခဏငှားလာတာ။

မီးကတော့ ၂၄ နာရီလာနေပြီပြောတာပဲ။ တကယ်လည်း တွက်ကြည့်တော့ ၇ရက် ၁ ပတ်ကို ၂၄နာရီ ကျော်ပါသေးတယ်။ လျာထားချက်ထက် ပိုမိုအောင်မြင်တယ်ဆိုတာ ဒါကိုပြောတာလားမသိဘူး။ အင်တာနက်ကလဲ သိပ်မကောင်းတော့ အချစ်နဲ့ စကားမပြောဖြစ်ဘူး။ ၁ မက် လိုင်းလို့တော့ပြောတာပဲ။ 1 Mbs တော့ရဘူး။ 1MBD (1 MB per day) ၁ရက်ကို ၁မက်လောက်တော့ ကောင်းကောင်း ဒေါင်းလုပ်ဆွဲလို့ရတယ်။

မတွေ့ရတာကြာတော့ လွမ်းလွန်းလို့ ထမင်းမစားတာ ၇ ရက်ကျော်သွားပြီ။ ပြီးခဲ့တဲ့ ၁ ပတ်က ဝယ်ထားတဲ့ မာမီးခေါက်ဆွဲခြောက်ထုပ် (၁)ဖာ နဲ့ ကြက်ဥ ၁ ကဒ်တော့ ကုန်သွားတယ်။ မင်းကို သတိရတိုင်း အိမ်ကနွားမကြီး နို့ပဲ ညစ်မိနေတော့တယ်။ (စိတ်ပြေလက်ပျောက် အိမ်ကအလုပ်တွေကူလုပ်တာပါ။ လွမ်းတာ သက်သာမလားလို့)

ဟိုနေ့က အကယ်ဒမီပေးပွဲမှာ ပြေတီဦးနဲ့ သက်မွန်မြင့် အကယ်ဒမီရတော့ ငါတို့ ချစ်ခဲ့တာလေးတွေ သတိရသေးတယ်။ ဒါနဲ့ မင်းအဖေက ကိုယ့်ကို အမြင်စောင်းနေတယ်နဲ့တူတယ်။ ဟိုနေ့က မင့်ကြီးတော်ကြီး အသုဘကို လိုက်ပို့တာ ကိုယ့်လက်ထဲမှာ ဂစ်တာကိုင်ထားလို့တာကွာ ပြဿနာရှာတယ်။ နောက်ပြီး ကိုယ့်ကို မြန်မာ့ယဉ်ကျေးမှုကို မထိန်းသိမ်းလို့တဲ့ကွာ။ ဒါနဲ့ ကိုယ်လဲ ရာဇဝင်ထဲက မြန်မာတွေလို အင်းကွက်တွေကို ဆေးမင်ကြောင်ထိုးမယ်ဆိုပြီး ဆေးမင်ကြောင်ထိုးတဲ့ဆိုင်သွားတာ သူတို့က အင်းကွက် မသိဘူးဆိုလို့ Bar Code ပဲ ထိုးလာခဲ့တယ်။ မင့်အဖေကြီးကို ဒီတစ်ခါတွေ့ရင် ပြရဦးမယ်။ နောက်ပြီး ယောင်ထုံး ထုံးတာ ကြိုက်မယ်ထင်လို့ ဆံပင်ရှည်ပဲ ထားတော့မယ်လေ။

နောက်တစ်ခုက ဟို ၅၀၀၀ တန်ဆင်းကဒ် အကြောင်း ဘယ်တော့ရမလဲ သိချင်လို့ ဂျာနယ်တွေဝယ်ဖတ်ရတာ ပိုက်ဆံသာ ၅၀၀၀ ကျော်ကုန်နေပြီ ကဒ်က ခုထိထွက်မလာသေးဘူး။ အဲဒီကဒ်သာ ထွက်လာလို့ကတော့ လမ်းထိပ်က မာမူလေး ကွမ်းယာဆိုင်က ကွမ်းကို ဖုန်းနဲ့ မှာစားလိုက်ဦးမယ်။

နောက်ပြီး အခုကိုယ်တို့ မြန်မာနိုင်ငံကြီးက အရမ်းတိုးတက်ပြောင်းလဲနေပြီလေ။ အချစ်လေး ပြန်လာရင်တောင် ကိုယ့်အိမ်ကိုယ့် ရှာလို့တွေ့တော့မှာ မဟုတ်ဘူး။ ဟိုတစ်လောက မီးလောင်တဲ့အထဲပါသွားလို့ ဘကြီး ဘုန်းကြီးကျောင်းမှာ ကပ်ပြီးနေရတယ်။ နောက်ပြီး ခေါင်းဆောင်လုပ်နေတဲ့သူတွေက အပြောချိုလွန်းလို့ ဟိုနေ့က ကိုယ့်အဒေါ်တောင် အိမ်မှာ TV ကြည့်ရင်း စကားလုံးချိုချိုတွေ နားထဲဝင်ပြီး သွေးချိုတက်သွားလို့ ဆေးခန်းပြေးလိုက်ရသေးတယ်။

မင်းဆီကို ကိုယ်လာချင်လို့ Google Map ထဲမှာ ကြိုးစားပမ်းစားရှာလိုက်ရတာ နောက်ဆုံးတော့ ရန်ကုန်ကနေ ၁ရက်ခွဲလောက်ကားမောင်းလာရင် မလေးရှားကိုရောက်တယ်ဆိုတာ ရေးထားတာတွေ့တယ်။ ကားကြုံရရင် ကိုယ်လာခဲ့မယ်လေ။

ချစ်တဲ့မောင်...

No comments:

Post a Comment