ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ များကို ဦးထိပ်ထားလျှက်

ဘလော့ခေါင်းစဉ်များ

16.07.2012 ရက်နေနံနက် 1 နာရီတိတိတွင် သည်ဆိုဒ်လေးကို တည်ထောင်ပါသည်။ အားလုံးအတွက် အချိန်တိုင်းဟာ တန်ဖိုးရှိနေသလိုပညာရှင်ကြီးများရေးသားထားသောနည်းပညာများကိုလည်းပြန်လည်မျှဝေနေပါ့မည်။★♫ အောင်မြတ်ဦး ★♫ မြင်းခြံ ★♫

Saturday, 4 August 2012

~~ဦးနှောက်ကို ပျက်စီးစေသော အကြောင်း (၁၀) ချက်~~

အောင်မြတ်ဦး(မြင်းခြံ) | 09:49 | Best Blogger Tips
(၁) မနက်စာ မစားခြင်း

မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားတတ်ပိုနည်းတတ်ပါတယ်။ အဲ့ဒါရဲ့အကျိုးဆက်အနေနဲ့ ဦးနှောက်

အတွက် လုံလောက်တဲ့အဟာရ မရတော့ဘဲ ဦးနှောက်ရဲ့စွမ်းရည်ကို ကျဆင်းစေပါတယ်။










(၂) လွန်ကဲစွာစားသောက်ခြင်း

လိုအပ်တာထပ်ပိုစားသောက်ခြင်း အားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်

ကိုပါကျစေပါတယ်။









(၃) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့မှတ်ဥာဏ်နဲ့ စဉ်းစား

ဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါကိုပါ) ဖြစ်စေနိုင်ပါတယ်။









(၄) အချိုများလွန်ကဲစွာစားခြင်း

အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓါတ်နဲ့ အဟာရတွေ စုတ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အဟာရ

ချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောက်အယှက်ဖြစ်စေပါတယ်။











(၅) လေထုညစ်ညမ်းခြင်း

ဦးနှောက်ဟာ ကိုယ်ခနာမှာ အောက်ဆီဂျင်ကို အများဆုံး အသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ် ညစ်ညမ်းတဲ့

လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှုလျှော့ နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်

ရည်ကို ကျဆင်းစေပါတယ်။











(၆) အိပ်ချိန်မလုံလောက်ခြင်း

အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ

ဦးနှောက်ရဲ့ ဆဲလ်တွေ သေဆုံးတဲ့နှုန်းမြင့်မားလာစေပါတယ်။











(၇) အိပ်ချိန်မှာ ခေါင်းကိုဖုံးအုပ်ထားခြင်း

ခေါင်းကိုဖုံးအုပ်ပြီး အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကိုတိုးလာစေပြီး အောက်ဆီဂျင်

စုစည်းမှုကိုလျှော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။











(၈) ကျမ်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကိုအသုံးပြုခြင်း

ကျမ်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာ လုပ်တာမျိုး၊ စာကျက်စာဖတ်တာမျိုးတွေ

ဟာ ဦးနှောက်ရဲ့စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။











(၉) စိတ်ဝင်စားတတ်ကြွစွာ စဉ်းစားတွေးခေါ်မှု မရှိခြင်း

စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကိုလေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဦးနှောက်ကို

တတ်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံစေပါတယ်။











(၁၀) စကားနည်းခြင်း

အသိဥာဏ် အတွေးအခေါ်ပါတဲ့စကားစမြည်ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့စွမ်းရည်ကို တိုးတတ်စေပါတယ်။
                     မူရင်း...(မြန်မာချစ်သူမိသားစု)မျှပြန်လည်မျှဝေပါသည်

No comments:

Post a Comment