အင်း ။ အိုင် ။ ချောင်း ။ မြောင်း ။ မြစ် စသည်တို့ ကို အစွဲပြု၍ နာမည်မှည့်တက်ကြလေသည်။
ဥပမာအားဖြင့် စာရေးသူတို့ ထိုနယ်တွင် ညောင်အိုင် ၊ ဇီးဖြူကုန်း ၊ ကုက္ကိုယ်ကုန်း ၊ မန်ကျည်းလေးပင် ၊
ကန်ဆွယ် ၊ ကန်မြင့် ၊ ထိန်ကန် ၊ ရေဦး ၊ အင်းခင်း စသော ရွာ အမည်များတည်း ။ ထို့အတူ
မြင်းခြံမြို့နယ် ဂျုပ်ပင်ရွာကိုလည်း အနီးနားရှိ ဂျုတ်ပင် (သစ်ပင်) အမည်အစွဲပြု၍ ဂျုတ်ပင်ရွာဟု
အမည်မှည့်ထားခြင်းဖြစ်သည်။
ထိုဂျုတ်ပင်ရွာကို စတင်ထည်ထောင်သော ခုနှစ်သက္ကရာစ်ကို လက်လှမ်းမှီအမျှ မေးမြန်းစုံစမ်း
ပါသော်လည်း အတိအကျ မည်သူမျှ မသိကြောင်း စကားပြန်ကြသည် ။ ထိုဂျုတ်သားသည် မာလကာသားကဲ့သို့ အလွန်မာကြောသော သဘောရှိသောကြောင့် လက်သမားတို့က ဆောက်ရိုးဖြူလုပ် အသုံးပြုကြကြောင်း ကြားသိရလေသည် ။ ထိုဂျုတ်ပင်ကား အပင်ကြီးမျိုးမဟုတ် ၁၀ ပေ ၊၁၅ ပေ မျှ မြင့်သော အပင်မျိုးသာ ဖြစ်လေသည် ။
ထိုဂျုတ်ပင်ရွာ အနောက်ကျောင်းဝင်းအတွင်းရှိ ရွှေဘုံသာစေတီနှင့် လျောင်းတော်မူကြီးတို့ တည်ထားပြီးနောက် နှစ်ပေါင်းများစွာ ကြာမြင့်မှ ကျောင်း၏ အရှေ့မြောက်ဘက်တွင် မင်းတုန်းမင်းတရားကြီး လက်ထက် ဘကြီးတော်မင်းကြီး တည်ထားသော စေတီတော်ကြီးနှင့်တကွ ကုသိုလ်ကောင်းမှု အစုစုတို့ကို ကမ္မည်းရေးထိုးလှူဒါန်းထားသော ခေါင်းလောင်းစာအရပင် ရေတွက်ကြည့်သော် ၎င်းဘကြီးတော် ဘုရားကြီး တည်ထားပြီးသည်မှာပင် (၁၄၁) နှစ်ကြာ ခဲကလေပြီ။ ထိုခေါင်းလောင်းကြီးကား ယခုအချိန်ခါတွင် ဘိုးတုတ်ဖြူရွာ ကျောင်းဝင်းအတွင်းသို့ ရောက်ရှိနေကြောင်းသိရလေသည်။

No comments:
Post a Comment