ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ များကို ဦးထိပ်ထားလျှက်

ဘလော့ခေါင်းစဉ်များ

16.07.2012 ရက်နေနံနက် 1 နာရီတိတိတွင် သည်ဆိုဒ်လေးကို တည်ထောင်ပါသည်။ အားလုံးအတွက် အချိန်တိုင်းဟာ တန်ဖိုးရှိနေသလိုပညာရှင်ကြီးများရေးသားထားသောနည်းပညာများကိုလည်းပြန်လည်မျှဝေနေပါ့မည်။★♫ အောင်မြတ်ဦး ★♫ မြင်းခြံ ★♫

Tuesday, 7 August 2012

ပြုံးလိုက်ရအောင်(၇)

အောင်မြတ်ဦး(မြင်းခြံ) | 10:06 | Best Blogger Tips
နိုင်တဲ့သူယူကြေး

မြေခွေးနှင့် ယုန်တို့ ပုလင်းတစ်လုံးကို ပြိုင်တူတွေ့သည်။ပုလင်းကို မည်သူယူသင့်သနည်းနှင့် ပတ်သက်၍ ဆွေးနွေးကြ
သည်။ မြေခွေးက အကြံပြုသည်။


“ဒီလို လုပ်ရအောင် ။ မင်းနဲ့ငါ တစ်ယောက်သွားကို တစ်ယောက် ချိုးကြမယ် ။
ပိုချိုးနိုင်တဲ့သူ ဒီပုလင်းကို ရမယ်……ဘယ့်နှယ့်လဲ”
“စိမ်လိုက်”

မြေခွေးက ယုန်ကို အရင်စခိုင်းသည်။ယုန်သည်ခပ်လှမ်းလှမ်းမှ အရှိန်နှင့် ပြေးလာပြီး နောက်ခြေနှစ်ဖက်နှင့် မြေခွေး၏
မျက်ခွက်ကို စုံကန်လိုက်သည်။ မြေခွေးသည် ကျိုးသွားသော သွားများကို ပါးစပ်မှထွေးထုတ်ပြီး  ယုန်ကိုပြသည်။


“ခြောက်ချောင်းတိတိ”

မြေခွေး၏ အလှည့်သို့ ရောက်လာသည်။မြေခွေးသည် ယုန်၏ နားရွက်နှစ်ဘက်ကို ချုပ်ကိုင်လိုက်ပြီး ၎င်း၏ပါးစပ်ကို
ခေါင်းဖြင့် တအားတိုက်လိုက်သည်။ယုန်၏ ပါးစပ်မှ သွားလေးချောင်း ကျွတ်ထွက်လာသည်။
ယုန်က နာကျင်စွားပြောသည်။


“လေးချောင်း”

မြေခွေးက မယုံကြည်နိုင်ဟန်ဖြင့် ပြန်မေးသည်။

“ဘာပြောတယ် ၊ လေးချောင်းတည်း ဟုတ်လား”

“ဟုတ်တယ်လေ ၊ ငါ့ဆီမှာ သွားလေးချောင်းပဲ ရှိတာပဲ….”






ခြံတံခါးကို လုံအောင်ပိတ်ပါ

‘အရေးပေါ်ဌာန’ တွင် တယ်လီဖုန်း မြည်လာသည်။

ဟဲလို ၊ အရေးပေါ်ဌာနကပါလား? ကျွန်မယောကျာ်းမှားပြီး ဓာတ်ဆီပုလင်းကို
ရေအမှတ်နဲ့သောက်ချလိုက်တယ်။
ခု သူ အိမ်ကို ပတ်ပြီး ပြေးနေတယ် ။ မရပ်နိုင်ဘူး ဖြစ်နေတယ် ။ အမြန်ဆုံးလာပါရှင်”

တစ်ဘက်မှ တာဝန်ကျဆရာဝန်က ပြန်ပြောသည်။

“မစိုးရိမ်ပါနဲ့ ၊ ခြံတံခါးကို လုံအောင် ပိတ်ထားလိုက်ပါ ။
ခင်ဗျားယောကျာ်း ဓာတ်ဆီကုန်သွားတဲ့ အခါ သူ့အလိုလို ရပ်သွားပါလိမ့်မယ်”






နာသလား?

“ဒီနေရာမှာ နာသလား”
“ဟုတ်ကဲ့ ၊နာတယ်”
“ဒီနေရာမှာကော”
“ဟုတ်ကဲ့ ၊ နာတယ်”
“ဒီနေရာကျတော့ကော”
“အား……….တော်ပြီ…..၊ ဒေါက်တာ့ကို ကျွန်တော် ဘာမှမပြောတော့ဘူး-”






တိုတိုပဲပြောမယ်

“ ဟေ့လူ….ခင်ဗျားရဲ့ ရည်းစားအတွက် နှင်းဆီပန်းတွေ ဝယ်သွားပါ။
ပန်းတွေက ခင်ဗျားကိုယ်စား စကားပြောပါလိမ့်မယ်”
“အဲဒါဆို တစ်ပွင့်ပဲပေး…..။
ကျွန်တော်က စကားကိုတိုတိုပဲ ပြောတတ်တယ်….”








စိတ်ကူးယဉ်
ဆာရာက အာဘရမ် ကို မေးသည်။
“အာဘရမ် ၊ အနုမြူဗုံးတစ်လုံးရဲ့ တန်ဖိုး ဘယ်လောက်ရှိမယ် ထင်လဲ ဟင်”
“ဒေါ်လာ တစ်သန်းအောက်မလျော့ဘူး ထင်တယ်….”
“ကျွန်မတို့ ခြံထဲ ကျလာရင်သိပ်ကောင်းမှာပဲနော်”






တံခါးဖွင့်ပေးမယ်…..
ချူချာများနေထိုင်သောရွာသို့ ရှရှား အီဗန်များ ရောက်လာသည်။
ရောက်လာသည့်နေ့တွင်ပင် အရက်မူးပြီး ချူချာများကို ငထုံတွေ ငအတွေ ဟု
စော်စော်ကားကား အော်ဟစ်ပြောဆိုသဖြင့် ၎င်းကို အခန်းတစ်ခုထဲ ချုပ်ထားရန် အမိန့်ပေးလိုက်သည်။
အစောင့်တစ်ယောက်ကို လဲ အခန်းရှေ့တွင် ချထားလိုက်သည်။

ခဏကြာသောအခါ အီဗန်က အခန်းထဲမှနေ၍ တံခါးကိုထုပြီးးးး
မိမိအလွန်ဆာသဖြင့် ပေါင်မုန့်တစ်လုံးသွားဝယ်ပေးစေလိုကြောင်း အစောင့်ချူချာကို ပြောသည်။
ကိုပက် ပြား ၅၀အကြွေစေ့တစ်စေ့ကိုလဲ ပစ်ပေးလိုက်သည်။
အစောင့်ချူချာ ပိုက်ဆံကို ကောက်ယူပြီး ပေါင်မုန့်ဝယ်ရန်ထွက်သွားသည်။
ဤအချိန်တွင် ပြတင်းပေါက်ကိုကျော်ပြီး  အီဗန်ထွက်ပြေးသွားသည်။
သို့သော် မကြာခင်မှာပင် ၎င်းကို ပြန်မိလာပြီးအချုပ်ခန်းထဲသို့  ပြန်ထည့်ထားလိုက်သည်။
ဤအခေါက်တွင် ပိုမိုသွက်ချက်ချာသော အစောင့်တစ်ယောက်ကို ချထားလိုက်သည်။
အချိန်အနည်းငယ်ကြာသွားသည်။ အီဗန်တံခါးကို ထုပြီး ပြောသည်။


“ဟေ့ချူချာ…..ငါအင်မတန် ဆာတယ်ကွ…..ငါ့ကို ပေါင်မုန့်တစ်လုံးသွားဝယ်ပေးစမ်းပါ”
“မင်းတို့ ရုရှားတွေ အင်မတန် ဥာဏ်များတယ်…..မဝယ်ပေးနိုင်ဘူး…….
ဆာရင် ကိုယ့်ဟာကိုယ် သွားဝယ်ပေါ့…..ဟွန်းးးးး



Friends18.com Orkut Scraps

ရွှင်လန်းချမ်းမြေ့ပါစေရှင

No comments:

Post a Comment