ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ များကို ဦးထိပ်ထားလျှက်

ဘလော့ခေါင်းစဉ်များ

16.07.2012 ရက်နေနံနက် 1 နာရီတိတိတွင် သည်ဆိုဒ်လေးကို တည်ထောင်ပါသည်။ အားလုံးအတွက် အချိန်တိုင်းဟာ တန်ဖိုးရှိနေသလိုပညာရှင်ကြီးများရေးသားထားသောနည်းပညာများကိုလည်းပြန်လည်မျှဝေနေပါ့မည်။★♫ အောင်မြတ်ဦး ★♫ မြင်းခြံ ★♫

Wednesday, 8 August 2012

လယ်တီဆရာတော်ဘုရားကြီး သတိဖော်ပြဆုံးမစာ

အောင်မြတ်ဦး(မြင်းခြံ) | 10:18 | Best Blogger Tips
ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်၊
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သောင်းအငူမှာ၊
ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊
နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာထင်အလင်းရယ်နှင့်၊
နင့်အဖျင့် ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊
မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊
ကောင်းဘို့အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊
အမိုက်နှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင်
အလွဲနှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊
အရှုံးနှင့်ပြင် ရှိသေးလေလိမ့်လား။
ဟူသည့် သတိပေးသည့်အတိုင်း ကာမဂုဏ်ငါးပါးဖြင့်သာ အချိန် ကို မကုန်လင့်စေပဲ ကုသိုလ်အဟုန် အရှိန်ကုန် မြှင့်စေသင့်ပေသည်။
                        မူရင်း=ဆင်တဲ(ကဖေး) မှ ပြန်လည်မျှဝေပါသည်

No comments:

Post a Comment