ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ များကို ဦးထိပ်ထားလျှက်

ဘလော့ခေါင်းစဉ်များ

16.07.2012 ရက်နေနံနက် 1 နာရီတိတိတွင် သည်ဆိုဒ်လေးကို တည်ထောင်ပါသည်။ အားလုံးအတွက် အချိန်တိုင်းဟာ တန်ဖိုးရှိနေသလိုပညာရှင်ကြီးများရေးသားထားသောနည်းပညာများကိုလည်းပြန်လည်မျှဝေနေပါ့မည်။★♫ အောင်မြတ်ဦး ★♫ မြင်းခြံ ★♫

Friday, 10 August 2012

Internet Explorer Has Stopped Working error ဖြေရှင်းရန်

အောင်မြတ်ဦး(မြင်းခြံ) | 09:46 | Best Blogger Tips
ကျွန်တော်ပထမတော့ ဒီပို့စ်လေးကို မရေးပဲနေဦးမလို့ပါပဲ။ ဒါပေမယ့် အစ်ကိုတစ်ယောက်ကလည်း ဒီလို Error ဖြစ်နေတာနဲ့ ကျွန်တော် ဖြေရှင်းရမယ့် နည်းလမ်းလေးတွေကို ရေးပြီးတင်ပေးလိုက်ပါတယ်။ ကျွန်တော် အောက်မှာ တစ်ဆင့်ခြင်းကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်။ သိပြီးသားသူတွေကတော့ သည်းခံပေးပါ။ အောက်မှာ ကြည့်ပေးပါခင်ဗျာ။
ကျွန်တော်တို့ ပထမဆုံးအနေနဲ့ Control Panel ထဲကနေ Internet Option လေးဆီကိုသွားလိုက်ပါ။ အဲ့ဒီကနေမသွားချင်ဘူးဆိုရင်လည်း Run Box ထဲမှာ inetcpl.cpl လို့ရိုက်ထည့်လိုက်ပါ။ ပုံလေးမှာလည်း ပြပေးထားပါတယ်။

အခုလိုသွားလိုက်ရင် ကျွန်တော်တို့ Internet Properties ကိုရောက်ပါပြီ။ အဲ့ဒီကနေ နောက်ဆုံး Tab လေးဖြစ်တဲ့ Advanced ဆိုတာကို ဆက်သွားလိုက်ပါ။ အဲ့ဒီကနေ Reset Internet Explorer Settings လေးအောက်မှာ Reset ဆိုတဲ့ Button လေးရှိပါတယ်။ ကျွန်တော်တို့ Reset ပေးလိုက်ပါ။ ဒါကတော့ ပထမဆုံးတစ်ချက်ပါ။ 
နောက်တစ်ချက်ကတော့ ကျွန်တော်တို့ IE ကိုဖွင့်လိုက်ပါ။ သူ့ဆီကနေ Tools ထဲကနေ Internet Explorer setting ကိုဆက်သွားလိုက်ပါ။ ပုံမှာလဲပြပေးထားပါတယ်။ အဲ့ဒီကနေ ဒုတိယမြောက် Tab ဖြစ်တဲ့ Security ဆိုတဲ့ Tab လေးကိုသွားလိုက်ပါ။ 
ကျွန်တော်တို့ အောက်မှာမြင်နေရတဲ့ Enable Protected Mode ဆိုတာလေးကို အမှန်ခြစ်လေးဖြုတ်ပေးပြီး IE ကို restart ပေးလိုက်ပါ။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ အသုံးမလိုတဲ့ Add ons တွေ တခြား Toolbars  လေးတွေကို ဖြုတ်ပစ်လိုက်ပါ။ နောက်တစ်ချက်အနေနဲ့ IE ကို ကျွန်တော်တို့ Add ons လုံးဝမပါပဲ သုံးလို့ရပါတယ်။ ကျွန်တော်တို့ Start Menu >All Programs ကနေပြီးတော့ Accessories ကိုသွားလိုက်ပါ။ အဲ့ဒီကနေမှ Systems Tools ဆိုတာလေးကိုဆက်ဝင်လိုက်ပါ။  အဲ့ဒီမှာ Internet Explorer (No add-ons) ဆိုတာလေးရှိပါတယ်။ အဲ့ဒီကောင်လေးနဲ့သုံးကြည့်ပါ။
နောက်ဆုံးအချက်ကတော့ IE ကိုဖြုတ်ပြီးပြန်ပြီး Install လုပ်ပေးလိုက်ပါ။ ကျွန်တော်တို့ ဒီလောက်ဆိုရင် ဒီ Error လေးအကြောင်းကိုသိလောက်ပြီ ထင်ပါတယ်။ ကျွန်တော်နောက်ပိုင်းစာများများရေးပေးပါ့မယ်။ အခုလောလောဆယ်လေး တော့ နည်းနည်းလေးသည်းခံပေးကြပါခင်ဗျာ။ 

အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကိုနေမင်းမောင် (နည်းပညာ )ဆီမှ ပြန်လည်မျှဝေပါသည်

No comments:

Post a Comment