ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ များကို ဦးထိပ်ထားလျှက်

ဘလော့ခေါင်းစဉ်များ

16.07.2012 ရက်နေနံနက် 1 နာရီတိတိတွင် သည်ဆိုဒ်လေးကို တည်ထောင်ပါသည်။ အားလုံးအတွက် အချိန်တိုင်းဟာ တန်ဖိုးရှိနေသလိုပညာရှင်ကြီးများရေးသားထားသောနည်းပညာများကိုလည်းပြန်လည်မျှဝေနေပါ့မည်။★♫ အောင်မြတ်ဦး ★♫ မြင်းခြံ ★♫

Friday, 10 August 2012

Task Manager ကိုခေါ်လို့မရတော့ဘူးဆိုရင်

အောင်မြတ်ဦး(မြင်းခြံ) | 09:50 | Best Blogger Tips
ကျွန်တော်အခု ရေးပေးမဲ့ နည်းလမ်းလေးကတော့ မိမိစက်ကို Virus ၀င်ရောက်လာတဲ့ အခါမှာ Virus ကသူတို့ကို အလွယ်တကူ ဖယ်ရှားလို့ မရအောင် Task Manager ကိုပိတ်လိုက်တဲ့ အခါမှာ Task Manager ကိုပြန်ပြီး ဖွင့်လို့ရအောင် လုပ်လို့ရမဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. တစ်ခုခုကို သိချင်ရင်တော့ ကိုယ်တိုင် လိုက်လုပ်ပေးမှ ရမှာပါ .. ကျွန်တော် လွယ်လွယ်ကူကူ လုပ်တက်အောင် အတက်နိုင်ဆုံးတော့ ပုံလေးတွေနဲ့ ရှင်းပြပေးတက်ပါတယ် .. တစ်ခုခုကို ဘာမှတောင် မလုပ်ကြည့်ရသေးပဲနဲ့ မရဘူးပဲ အော်နေရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး .. ကျွန်တော် Virus က Task Manager ကိုပိတ်သွားတဲ့ အခါမျိုးမှာ Registry ထဲကနေပြီး ဒီကောင်လေးကို ပြန်ဖွင့်လို့ရအောင် ဘယ်လိုလုပ်ရမယ် ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် .. 

အရင်ဆုံး Keyboard မှ Windows Logo + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. ပြီးရင် Run Box ထဲမှာ Regedit လို့ရိုက်ထည့်ပြီး Registry Editor ကိုဖွင့်လိုက်ပါ .. 
Registry Editor ပွင့်လာပြီ ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ အတိုင်း အဆင့်ဆင့် သွားလိုက်ပါ .. ကျွန်တော် တစ်ဆင့်ကိုတော့ ဘယ်လိုသွားရမယ် ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ဖော်ပြပေးထားပါတယ် .
အရင်ဆုံး အောက်ကအဆင့်အတိုင်း အဆင့်ဆင့် သွားပြီး Policies ကိုရောက်ပြီ ဆိုရင် Click ပေးလိုက်ပါ .. ပြီးရင် ညာဘက်မှာ  DisableTaskMgr  ကိုတွေ့ရင် အဲ့ဒီကောင်လေးကို Right Click ထောက်ပြီး Delete လုပ်လိုက်ပါ ..


HKEY_CURRENT_USER >> Software >> Microsoft >> Windows >> CurrentVersion >> Policies >> system

အပေါ်ကအတိုင်း အဆင့်ဆင့်သွားပြီး ရှင်းပြီးပြီ ဆိုရင် အောက်ကအဆင့်အတိုင်း အဆင့်ဆင့် ထပ်သွားပြီး ရှင်းပေးလိုက်ပါ ..

HKEY_LOCAL_MACHINE >> SOFTWARE >> Microsoft >> Windows >> CurrentVersion >> policies >> system


ကျွန်တော် အပေါ်ကအဆင့်ကို အဆင့်ဆင့် ဘယ်လိုသွားရမယ် ဆိုတာကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် ..




 အပေါ်ကပုံအတိုင်း DisableTaskMgr ကို Delete လုပ်ပြီး သွားပြီ ဆိုရင်တော့ Task Manager ကိုပြန်ဖွင့်လို့ ရသွားပါလိမ့်မယ် ..

အားလုံးပဲအဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ်ခင်ဗျာ ..က်ုနေမင်းမောင် (နည်းပညာ)

No comments:

Post a Comment