


နေပြည်တော် စက်တင်ဘာ ၁၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ 
ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့တွင် ကျင်းပမည့် 
နဝမအကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ယနေ့ နံနက် (၇)
 နာရီတွင် နေပြည်တော်မှ 
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းအထူးလေယာဉ်ဖြင့်
 ထွက်ခွာသွားသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော 
မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များအား ဒုတိယ သမ္မတများ ဖြစ်ကြသည့် 
ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေး 
ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ 
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ 
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးအောင်ကြည်၊ သမ္မတရုံးဝန်ကြီးဌာန
 ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွန့်နှင့် ဦးလှထွန်း၊ 
သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်အောင်၊ 
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ 
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ ဟိုတယ်နှင့် 
ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ 
နေပြည်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချူပ်မောင်မောင်အေး၊ ဌာနဆိုင်ရာ 
အကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ 
သံရုံးယာယီတာဝန်ခံ Mr. Lu Zhi တို့က နေပြည်တော်လေဆိပ်၌ ပို့ဆောင် 
နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ 
အဖွဲ့ဝင်များအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး 
ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ 
သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်၊ 
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ ဘဏ္ဍာရေးနှင့် 
အခွန်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အမျိုးသားစီမံကိန်းနှင့်
 စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး 
ဒေါက်တာကံဇော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး 
အောင်သန်းထွဋ်၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးသူရဦးသောင်းလွင်၊ 
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့် ဌာနဆိုင်ရာ 
အကြီးအကဲများ လိုက်ပါသွားကြသည်။
အဖွဲ့ဝင်ဖြစ်သည့် စီးပွားရေးနှင့် 
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် 
နန်နင်းမြို့သို့ ကြိုတင် ထွက်ခွာသွားပြီး ဖြစ်သည်။
 

 
No comments:
Post a Comment