


နေပြည်တော်  စက်တင်ဘာ ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ 
ဦးသိန်းစိန်ထံ ပြည်ထောင်စု 
သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အစ္စရေးနိုင်ငံ 
သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဟာဂေး 
မိုရှေး ဘီဟားသည် ယနေ့နံနက် (၁၀) နာရီခွဲတွင် နေပြည်တော်ရှိ 
သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားသို့ 
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံး 
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန
 သံတမန်ရေးရာ ဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးသာအောင်ညွန့်တို့ 
တက်ရောက်ကြသည်။
 

 
No comments:
Post a Comment