
ပြည်တွင်း၌ အသုံးပြုလျက်ရှိသည့် VOIP ဖုန်းများထက် များစွာသက်သာလျက် ရှိပြီး SMS ကိုလည်း ကွန်ပျူတာမှဖြစ်စေ၊ အင်တာနက် Website မှ ဖြစ်စေ၊ မိမိဖုန်းအတွင်းမှ ဖြစ်စေ၊ တိုက်ရိုက်ပေးပို့နိုင်ပြီး မည်သည့်နိုင်ငံကိုမဆို SMS တစ်စောင်ကို မြန်မာငွေ ၅၀ ကျပ်ဖြင့်လည်းကောင်း၊
တစ်ကမ္ဘာလုံးတွင်ရှိသော နိုင်ငံအသီးသီးသို့ Rynga VOIP စနစ်ဖြင့် တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်ကြောင်း သိရသည်။ Rynga VOIP ဖုန်း၏ အားသာချက်မှာ ကွန်ပျူတာမှဖြစ်စေ မိမိ၏ ကိုယ်ပိုင်ဟန်းဆက်မှဖြစ်စေ၊ မိမိကြိုက်နှစ်သက်ရာ ပုံစံဖြင့် အသုံးပြုနိုင်ခြင်း၊ ၎င်းစနစ်ဖြင့် ကွန်ပျူတာမှ ကွန်ပျူတာ၊ ကွန်ပျူတာမှဖုန်း၊ ဖုန်းမှကွန်ပျူတာ ကြိုက်နှစ်သက်သလို ခေါ်ဆိုနိုင်သည့်အပြင် အင်တာနက်လိုင်းများ နှေးကွေးချိန်မျိုးတွင် အထူးသဖြင့် အခြား VOIP ဖုန်းများနည်းတူ Rynga သို့ ဖုန်းခေါ်ဆိုပါက အခမဲ့ ခေါ်ဆိုနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ Rynga VOIP ဝန်ဆောင်မှုမှာ VOIP ဝန်ဆောင်မှုများ၏ လက်ရှိ Pfingo Skype များထက် 75% သက်သာ၍ အသံကြည်လင်စွာ ပြောဆိုနိုင်ပြီး ဖြစ်သည်။ ထူးခြားချက်များ အဖြစ် ဖုန်းအချင်းချင်း ခေါ်ဆိုနိုင်သောစနစ် အသုံးပြုနိုင်ပြီး ဖုန်းပြောသူသည် ဆိုင်ကိုလာစရာမလိုဘဲ မိမိအိမ်ကနေ ပြောလို့ရတဲ့စနစ် ပါသည့်အပြင် စတင်ဝယ်ယူချိန်မှ ရက်ပေါင်း ၁၂၀ အထိ အခမဲ့ရယူနိုင်မည့် ဝန်ဆောင်မှုများအပြင် မိမိ၏ အကောင့်မှတဆင့် SMS ကိုပင် ပေးပို့နိုင်ကြောင်း သိရသည်။
ထို့အပြင် Rynga VOIP ဝန်ဆောင်မှုကို ရယူလိုသူများ၊ သုံးစွဲလိုသူများ အနေဖြင့် တစ်ဦးချင်းမှ အင်တာနက်ဆိုင်များအထိ သုံးစွဲနိုင်မှာဖြစ်ပြီး ဈေးနှုန်းလည်း သက်သာမှာ ဖြစ်သည်။ Rynga VOIP စနစ်မှာ ကွန်ပျူတာမှ တစ်ကမ္ဘာလုံးတွင် ရှိသော နိုင်ငံအသီးသီးကို တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်ပြီး မိုဘိုင်းမည်သည့် အမျိုးအစားကနေမဆို ပြည်ပရှိဖုန်းများကို တိုက်ရိုက်ခေါ်ဆိုနိုင်မည့် စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။ ကွန်ပျူတာစနစ်တွင် Windows OS, Mac, iOS တို့တွင် အသုံးပြုနိုင်ပြီး မိုဘိုင်းဖုန်းများအတွက် iOS အသုံးပြုပစ္စည်းများ၊ Nokia ကုမ္ပဏီထုတ် Symbian ဖုန်းများ၊ Android အခြေပြုဖုန်းများ အားလုံးတွင် ထည့်သွင်းကာ မိမိကိုယ်ပိုင်ဖုန်းမှပင် တိုက်ရိုက်ခေါ်ဆိုနိုင်မည့် စနစ်တစ်ခုဖြစ်သည်။ Euro 10 တန် Redeem Voucher Code ဝယ်ယူအသုံးပြုရုံနဲ့ ရက်ပေါင်း (၁၂၀) အခမဲ့ ရရှိနိုင်ပြီး Rynga VOIP ဖုန်းဆားဗစ်ကို ရက်ပေါင်း (၁၂၀) အထိ တစ်ပတ်မှာ စင်္ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်း၊ အမေရိကန်၊ ကနေဒါ ထိုခြောက်နိုင်ငံမှာ ရှိတဲ့ ကြိုးဖုန်း၊ မိုဘိုင်းဖုန်း အားလုံးကို မိနစ် ၁၂၀ အခမဲ့ အသုံးပြုနိုင်ပြီး ဆော့ဖ်ဝဲများကို ထည့်သွင်း၍ သော်လည်းကောင်း၊ အင်တာနက်မှ Rynga Website ထဲဝင်ရောက်ကာ တိုက်ရိုက်သော်လည်းကောင်း ခေါ်ဆိုနိုင်မည်ဖြစ်သည်။ စုံစမ်းမေးမြန်းဝယ်ယူလိုသူများ အနေဖြင့် အသေးစိတ်အချက် အလက်များကို www.starhubservie.ning.com, starhubservice@gmail.com တွင် နိုင်ငံတကာ ဖုန်းခေါ်ဆိုခ နှုန်းများကို လေ့လာကြည့်ရှုနိုင်သလို ကိုဇော်မင်းထိုက်၊ ဖုန်း ၀၉-၇၃၁၄၅၃၉၈၊ ၀၉-၄၄၈၀၀၅၆၃၅ သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
Source: Yatanarpon.com.mm
 

 
No comments:
Post a Comment