ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ များကို ဦးထိပ်ထားလျှက်

ဘလော့ခေါင်းစဉ်များ

16.07.2012 ရက်နေနံနက် 1 နာရီတိတိတွင် သည်ဆိုဒ်လေးကို တည်ထောင်ပါသည်။ အားလုံးအတွက် အချိန်တိုင်းဟာ တန်ဖိုးရှိနေသလိုပညာရှင်ကြီးများရေးသားထားသောနည်းပညာများကိုလည်းပြန်လည်မျှဝေနေပါ့မည်။★♫ အောင်မြတ်ဦး ★♫ မြင်းခြံ ★♫

Saturday, 21 July 2012

တောင်သာမြို့

အောင်မြတ်ဦး(မြင်းခြံ) | 09:07 | Best Blogger Tips
တောင်သာမြို့။ တောင်သာမြို့နယ်။ မြန်မာ နိုင်ငံ အလယ်ပိုင်း၊ မန္တလေးတိုင်းမြင်းခြံ ခရိုင် အတွင်း တွင်တည်ရှိသော မြို့နယ် တစ်ခုဖြစ်ပြီး၊ မြင်းခြံမြို့မှ တောင်ဘက် ၁၆ မိုင်ခန့်အကွာ တွင် တည်ရှိပါသည်။ ကျောက်ပန်းတောင်းမြို့၊ မိတ္ထီလာမြို့ နှင့် မြင်းခြံမြို့များ ဆုံရာ လမ်းဆုံမြို့ဖြစ်ပြီး၊ ရန်ကုန်-မြင်းခြံ အဝေးပြေးကားလမ်းမကြီးပေါ်တွင် တည်ရှိပါသည်။ ရပ်ကွက် (၆) ရပ်ကွက် ပါဝင်ပြီး၊ မင်းစု အ.လ.က အလယ်တန်းကျောင်းနှင့် အ.ထ.က တောင်သာ အထက်တန်းကျောင်းများသည် တောင်သာမြို့နှင့် မြို့နယ်တစ်ဝိုက်ရှိ ပြည်သူများ၏ ပညာရေးအတွက် အဓိက အားထားရသော ကျောင်းများဖြစ်ကြသည်။ ကြက်သွန်နီ၊ ထန်းလျက်၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း၊ ဝါ စသည်တို့ထွက်ရှိရာ စိုက်ပျိုးရေးဒေသ တစ်ခုဖြစ်ပြီး၊ အခြား စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုး ပါသည်။ အမျိုးသားစာပေဆုရ ကဗျာဆရာကြီး တင်မိုး (၁၉၃၃-၂၀၀၇) မွေးဖွားခဲ့ရာ မြို့နယ် ဖြစ်သည်။ မြို့နယ်ဖုန်းကုဒ်မှာ ၀၆၆ ဖြစ်ပါသည်။

No comments:

Post a Comment