ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ များကို ဦးထိပ်ထားလျှက်

ဘလော့ခေါင်းစဉ်များ

16.07.2012 ရက်နေနံနက် 1 နာရီတိတိတွင် သည်ဆိုဒ်လေးကို တည်ထောင်ပါသည်။ အားလုံးအတွက် အချိန်တိုင်းဟာ တန်ဖိုးရှိနေသလိုပညာရှင်ကြီးများရေးသားထားသောနည်းပညာများကိုလည်းပြန်လည်မျှဝေနေပါ့မည်။★♫ အောင်မြတ်ဦး ★♫ မြင်းခြံ ★♫

Saturday, 21 July 2012

ကျောက်ပန်းတောင်း

အောင်မြတ်ဦး(မြင်းခြံ) | 09:12 | Best Blogger Tips
ကျောက်ပန်းတောင်းမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းမြင်းခြံ ခရိုင်တွင် တည်ရှိသည်။ ပုပ္ပါးတောင်၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ ပုဂံညောင်ဦး မြို့နှင့် မိုင် ၂၆ ကွာဝေးသည်။


ရာသီဥတု

မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသတွင် တည်ရှိသောကြောင့် မိုးရေချိန်နည်းသည်။ သို့သော် ပုပ္ပါးတောင်၏ စိမ်းလန်းဆိုပြည်မှုနှင့်အတူ နွေမိုးဆောင်း ရာသီဥတု မျှတသည်။

စိုက်ပျိုးရေး

ကျောက်ပန်းတောင်း မြို့နယ်တွင် စိုက်ပျိုးသော သီးနှံများမှာ ဆန်စပါး၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ မြေပဲ၊ ပြောင်း၊ နှမ်း၊ ၀ါ တို့ ဖြစ်သည်။ ဇီး၊ ထန်းလျှက် မန်ကျီး လုပ်ငန်းများစွာရှိသည်။

ဆက်သွယ်ရေး

ကားဖြင့် ရန်ကုန်-ကျောက်ပန်းတောင်း-ပုဂံညောင်ဦးလမ်း၊ မန္တလေး-မိတ္တီလာ-ကျောက်ပန်းတောင်း-ရန်ကုန် လမ်း၊ ချောက်-ကျောက်ပန်းတောင်း-ရန်ကုန် လမ်းများဖြင့် သွားလာနိုင်သည်။ လေကြောင်းဖြင့် ပုဂံညောင်ဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မိုင် ၂၆ အကွာတွင်ရှိသောကြောင့် သွားလာရေး လွယ်ကူသည်။

ဘာသာရေး

ထေရ၀ါရ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ ခေမာသီဝံစာသင်တိုက်၊ မြတ်ရွှေဂူ စာသင်တိုက် တို့သည် ထင်ရှားသော ဘုန်းတော်ကြီး စာသင်တိုက်များ ဖြစ်သည်။

No comments:

Post a Comment