မြင်းခြံဟူသည် မျဉ်းကျန် ဟူသော အမည်မှ ရွေ့လျော ပြောင်းလဲလာသည်ဟု ဆိုလေသည်။
ထိုအစဉ်အခါက ဧရာဝတီမြစ်သည် ယခုတည်ရှိသည့်နေရာမှ အနောက်ဘက်(၆) မိုင်ကွာတွင်ရှိသည်။
ယခုပခုက္ကူခရိုင် ရေစကြိုမြို့နည်အထိ ရောက်၏။လက်ရှိမြင်းခြံမြို့တည်ရှိသကဲသို့ပင်
တောင်ဘက်စွန်းလွန်းကျောင်း |မြောက်ဘက်ပြောင်းပြချောင်းတို့၏ အကြားတွင် ရေလဲရွာ တည်ရှိသည်။
၏မစ်၏တဘက်တွင် ရေလဲရွာတည်ရှိ၏။။မြစ်၏တဖက်တွင် ဆင်တဲရွာရှိ၏။ သက္ကရာဇ် (၁၁၉၉) ခုနှစ်
ခရစ် (၁၈၇၃) ကုန်းဘောင်မင်းခေါ် ရွှေဘိုမင်း လက်ထက်တွင် ရေလဲရွာ၏ အရှေ့ဖက် ကိုက် (၅၀၀) ခန့်အကွာရှိသော တောစပ်၌ လူတစ်ယောက်အား လူဆိုးတို့က သတ်ဖြတ်ထားသည်ကို တွေ့ရသဖြင့်
သက်ဆိုင်ရာသို့ တိုင်တန်းရာ သက်ဆိုင်ရာတို့က လာရောက်ကြည့်ရှူ့ပြီးလျှင် လက်သည်ရှာသော်လည်း
မတွေ့ပဲရှိ၏။ လူသက်ထားသောနေရာမှာ သူကြီးလေးဦးတို့၏ ပိုင်နက်နယ်နမိတ်တွင် တည်ရှိ၏။။။။။
အကယ်လို့ သက်သူမပေါ်က သက်ဆိုင်ရာ နယ်ရှင်သကြီးသည် ငွေ (၃) ပိသာ ပေးဆောင်ရမည်
ဖြစ်သောကြောင့် သူကြီးအားလုံးကပင် ထိုလူသက်မှုဖြစ်ပွားသော နေရာမှ မိမိတို့ ပိုင်နက်တွင် မကျရောက်ကြောင်း ငြင်းဆို၏။။သို့ဖြစ် သူကြီး ၄ ဦးတို့အား မိမိတို့ ပိုင်သောနယ်ကို မျဉ်းဆွဲ သက်မှတ်စေခဲ့ရာတွင် လူသက်ထားသော နေရာသည် မျဉ်းဆွဲရာမှ လွတ်ကျန်နေခဲ့၏။ ရေလဲရွာတွင် သီလ သမာဓိ သိက္ခာ ပြည့်စုံသဖြင့် ရွာသူရွာသားများက ယုံကြည်လေးစားမှုကို ခံရသော ပွဲစားကြီး ဦးပေဆိုသူ ပုဂ်ဂိုလ် တစ်ဦးရှိ၏...ဦးပေသည် ထိုလူသေလောင်းရှိခဲ့ရာ အရပ်တွင် ရွာတည်ခွင့်ပြုပါက မိမိကပင် ငွေ(၃)ပိသာအလျော်ပေးဆောင်မည်အကြောင်း လျှောက်ထားသောကြောင့် ထိုမြေကွက်ကို ဦးပေရရှိလိုက်၏ ။ ကာလအတန်ကြာသော် ဧရာဝတီမြစ်ကမ်းပြိုလေရာ ရေလဲရွာသည် ကမ်းပြိုသည့်အထဲ ပါသွားသည်။ သို့ဖြစ်မြစ်သည် အရှေ့ဖက် မြင်းခြံမြို့တည်ရှိရာသို့ေ၇ာက်လာ၏။ ယခင်သကြီးများ ပိုင်နက်သက်မှတ် မျဉ်းဆွဲရာတွင် ကျန်ရစ်နေသော ကြောင့် ထိုနေရာကို မျဉ်းကျန်ဟု ခေါ်ဝေါ်သမုတ်ခဲ့၏။ မျဉ်းကျန်မှသည် ကာလရွေ့လျောလတ်သော် မြင်းခြံဖြစ်လာသည်ဟု ဆိုကြလေသည်။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။မြန်မာ့စွယ်စုံကျန်းမှ ကူးယူဖော်ပြထားပါသည်။။။။။။။။

No comments:
Post a Comment