ကိုယ့်စက်ထဲကို ကိုယ် install မလုပ်စေချင်တဲ့ software တွေကို install လုပ်လို့မရအောင်
လုပ်တဲ့ နည်းလေးပြောပြမယ်..
ထုံးစံအတိုင်း Software လိုမယ် ဒီမှာ ဒေါင်းပါ..
ဒေါင်းပြီးရင် ရလာတဲ့ Zip ဖိုင် ကိုဖြေ လိုက်ပါ..
ပြီးရင် Run လိုက်ပါ.. Run တဲ့အခါကျရင် .exe အပေါ် right ကလစ်နှိပ်ပြီး
Run as administrator နဲ့ run ပေးပါ..
Run လိုက်တာနဲ့ Password တောင်းတဲ့ box ကျလာပါလိမ့်မယ်..
OK နှိပ်ပါ..(ဘာ password မှထည့်စရာမလိုပါ)နောက်ထပ် ကျလာတဲ့ box တခုထက်ကျလာပါလိမ့်မယ်..

အဲ့ဒီ box ရဲ့ Application Executable Name ဆိုတဲ့ အောက်က အကွက်မှာ မှ
ကိုယ် ပိတ်ချင်တဲ့ Sotware ရဲ့ .exe ကို ရေးထည့်ပါ..ပြီးရင် Block ကိုနှိပ်လိုက်ပါ..
ဥပမာ ကိုယ်က Gtalk ကို Install လုပ်လို့မရအောင် ပိတ်ချင်တယ်ဆိုပါတော့..
googletalk-setup.exe ဆိုတဲ့ gtalk ရဲ့ setup နာမည် ကိုထည့်..ပြီးရင် Block ကိုနှိပ်..
(အကယ်၍ ကိုယ်က .exe နာမည်ကိုမသိဘူးဆိုရင် အဲ့ဒီ .exe ပေါ်ကို Right ကလစ်နှိပ်ပြီး Properties
ထဲသွားကြည့်ပါ.)

Setup ဖိုင်ကို ပိတ်လိုက်ပါပြီ..
ပြီးရင်
password နဲ့ခံထားဖို့အတွက် Change Password ကိုနှိပ် ကိုယ့်ထည့်ချင်တဲ့
password ကိုထည့်ပါ..ဒါဆို ကိုယ်ပိတ်ထားတဲ့ software ကို ဘယ်သူ့မှ install
လုပ်လို့မရတော့ပါဘူး..တကယ်လို့ ပြန်ဖွင့်ချင်ရင် ပိတ်ထားတဲ့ .exe ဖိုင် ကို select ပေး Unblock ကိုနှိပ်လိုက်ရုံပါပဲ..
ဟုတ်ကဲ့....ဒါပါပဲ.
ကျေးဇူးတင်ပါတယ်..

No comments:
Post a Comment