ဦးစန္ဒမှာ ဆရာတော် ဦးတိက္ခ ပဏ္ဍိတ၏ လက်ရင်းတပည့်ကြီး တစ်ဦးဖြစ်ကြောင်း သိရလေသည်။
၁၂၉၆ ခုနှစ် တပေါင်းလတွင် တောင်ငူမြို့ ၊ မြို့ရိုးကျောင်း ဆရာတော်ဘုရားကြီး ဦးစန္ဒသည်
ကျောင်း
ကန်တိုက်တာ တပည့်ဒကာ ဒကာမများကို စွန့်ပစ်ခဲ့က ချောင်လွန်တောရ ကျောင်းတိုက်သို့ ကြွရောက်
တော်မူလာရာ သံဃာတော်များ နှင့် လူပုဂ်ဂိုလ် များက ကမ္ဘာဦးသူ လူတို့ သည် နေ -လ- ကို တောင်းတနေခိုက် နေ - လ တို့ ထွက်ပေါ်လာသောအခါ လွန်စွာ ၀မ်းမြောက်ကြသကဲသို့
ဝမ်းမြောက်ကြပြီးလျှင် အစစအရာရာ မလိုရအောင် ပြုစုစောင့်ရှောက်ကြလေသည် ။
မိမိတို့၏ ဆရာအရင်းမဟုတ်သော်လည်း အားကိုးမဲ့ခိုက် ကြုံနေရကား မိမိတို့၏ ဆရာအရင်းကဲ့သို့ပင်
မှတ်ထင်ကိုးကွယ်ကြလေသည် ။ နာယက ဆရာတော်အဖြစ် ထင်မြှောက်ကြကာ ညောင်လွန်ကဆရာတော် ဘုရားကြီး ဟူ၍ပင် မြတ်မြတ်နိုးနိုး ခေါ်ဝေါ် သုံးစွဲကြလေသ်။
ဆိတ်ငြိမ်မှုကို အလိုတော်ရှိလှသောကြောင့် တောရသို့ ထွက်လာခြင်း ဖြစ်ရကား ပဋိပတ္တိ လုပ်ငန်းကို သာ ကြိုးစား အားထုတ်တော်မူခဲကလေသည်။ ပရိယတ္တိကို ချပို့ခြင်းကား မပြုခဲ့ပါလေ
ညောင်လွန့်တောရတွင် မည်မျှ ကြာမြင့်အောင် သိတင်းသုံးတော်မူသွားသည်ဟု မကြားသိရပေ။
ဆရာတော် ဘုရားကြီး ဦးစန္ဒသည် မိမိဆရာ ရင်း နေထိုင်ရာ ဂျုပ်ပင် တောရကျောင်းသို့
၁၃၀၄ ခုနှစ် ၊ ဂျပန်ခေတ်အတွင်း ဦးတေဇ၀န္တ လက်ထက်တွင် ကြွရောက်ခဲ့လေသည် ။ ၁၃၀၅ ခုနှစ်
၂ နှစ်တိုင် ဂျုတ်ပင်တောရတွင် ပဋိပတ္တိ လုပ်ငန်းကို သာ ကြိုးစား အားထုတ်တော် မူခဲ့လေသည်။
ကျောင်းထိုင်ဘုန်းကြီး ဦးတေဇ၀န္တကလည်း မိမိ၏ ဆရာအရင်းကဲသို့ သဘောထားပြီး အစစ အရာရာ
ဆရာတော်ကြီး စိတ်တိုင်းကျအောင် ပြုစုစောင့်ရှောက်ပေးခဲ့လေသည် ။
၁၃၀၆ ခုနှစ်တွင် ဇာတိရပ်ရွာဖြစ်သော ပုပ္ပါးမြို့နယ် ၊ လက်ပန်အိုင်ရွာသို့ ကြွရောက်၍
တောရ ကျောင်းတွင် တက်လက်ပြီး ပဋိပတ္တိလုပ်ငန်းကိုပင် ကြိုးစားအားထုတ်တော်မူပြီးနောက်
၁၃၀၈ ခုနစ်တွင် ပျံလွန်တော်မူခဲ့လေသည်။တောင်ငူဆရာတော်ဟု အခေါ်များကြလေသည် ။
တမာရွက်ပြုတ်ရေ
၁၃၀၄ - ၁၃၀၅ ခုနှစ် ဂျုတ်ပင်တောရတွင် နေတော်မူစဉ် အခါက ညနေခင်းတိုင်း
ကိုရင်ကြီးတစ်ပါးက တမာရွက်ကြမ်း လက်တစ်ဆုပ်ခန့် ပြုတ်၍ရသောအရည်ကို (၆)ခွက် (၇)ခွက်
ခန့် ၀င်သော ကြွေကရားတစ်လုံးဖြင့် အမြဲတမ်းကပ်ရကြောင်း ။ထိုတမာရွက်ကြမ်း ပြုတ်ရည်ကို
ကုန်အောင်သောက်တက်ကြောင်း ၊ (သကြား - ထန်းလျက် မပါ ) ပြောပြကြလေသည် ။
ထို သမာရွက်ကြမ်းပြုတ်ရည်ကို နေ့စဉ်သောက်သုံးနေသောကြောင့်ပင် ဖျားခြင်း ၊ နာခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ညောင်းညာခြင်း စသော ရောဂါဝေဒနာ တစ်စုံ တရာမျှ မကပ်ခဲ့ကြောင်း သိရလေသည်။
အလောင်းတော်မပုတ်ပါ
၁၃၀၈ ခုနှစ် ( ၁၉၄၆ ခုနှစ် ) မဟာမိတ်တပ်ပေါင်းစုတို့ မြန်မာပြည်သို့ ပြန်ဝင်လာ
ခိုက် ကယောင်းကနင်းဖြစ်နေချိန် ဆေးကောင်းများ မရှိသေးခြင်း ။ လောကီကျော်စော မှုကို မလိုလား ။
တစ်ပါးတည်းသော မိမိ အလုပ်ကို ကြိုးစားအားထုတ်နေသော ဆရာတော်ဘု၇ားကြီး ဖြစ်ခြင်းကြောင့်
ချမ်းသာသော ဒကာ ဒကာမများ မရှိခြင်း ၊ လက်ပန်အိုင် ရွာမှ ဒကာ ၊ ဒကာမ များမှာလည်း အလောင်း
တော်ကို မပုတ်မရှိ အောင် ထားတက်သော နည်းကို မသိကြခြင်း ဤသို့ အဖက်ဖက်မှ မပြည့်စုံပါဘဲလျက်
ဆရာတော်ဘုရားကြီး ဦးစန္ဒ၏ အလောင်းတော်မှာ ယခုအချိန်ထိ မပုတ်မရိပဲ ပကတိအတိုင်း ရှိနေသေးပုံကို ဂျုတ်ပင် ရွာ အရှေ့ကျောင်း ဘုန်းကြီး ဦးသုမန ကိုယ်တိုင် ဖူးမြော်ခဲ့ရကြောင်း ပြေပြ
တော် မူလေသည် ။
ဂျုတ်ပင်တောရတွင် နေထိုင် သွားတော်မူကြသော ယောဂီသူတော်စင်
ဆရာတော်ဘုရားကြီး များတွင် တစ်ပါးအပါဝင် ဖြစ်သောကြောင့်သာ မိမိကြားသိသမျှကို ရေးသား
ဖော်ပြလိုက်ရပါသည် ။
 

 
No comments:
Post a Comment