(၁) ၁၃၁၇ -ခုနှစ်တွင် ၂ ခန်းတွဲကမ္မဌာန်းတိုက် တစ်လုံး။
(အောက်ထပ်တွင်မြေတိုက်ရှိသည် )
(၂) ၁၃၁၉- ခုနှစ်တွင် မိခင်ကြီး ဒေါ်စံချယ် ကောင်းမှုစာရင်း ရေးထိုးသားသော
၂ ခန်းတွဲ ကမ္မဌာန်းတိုက် တစ်လုံး ။
(၃) ၁၃၂၁ - ခုနှစ်တွင် တောင်ဘက်ရေချိုးအိမ်တိုက် တစ်လုံး ။
(၄) ၎င်းနှစ်တွင် ၄-ကောင် ၅-ကောင်အားရှိ ကူဘိုတာ မီးစက်တစ်လုံး (မီးသီး ၊ မီးချောင်း ၊ ကြိုး
စသည် အစုံအလင်ပါသည် ) မီးစက်အား ထားရန်တိုက်တစ်လုံး ။
(၅) ၁၃၂၂ -ခုနှစ်တွင် ၅ ပင်ပတ်လည် တိမ်ပျက်ကြီးကို သွပ်မိုးခြင်း ၊
တံခါးရွက်များ တပ်ဆင်ထားခြင်း
(၆) ၁၅၂၆ -ခုနှစ်တွင် ဆရာတော် ဦးသိက္ခလက်ခ အလည် ခေါင်းအူတိုင်ထိပ်ပေါ်တွင် ဥာဏ်တော်
အတောင် (၄၀) မြင့်သော စေတီတော်ကို သပ်ရပ်စွာ တည်ထားတော် မူသည့်အပြင်
ဘုရားပေါ်သို့ တက်ရန် ကြောင်လိမ် သံတံခါးကြီးကိုပါ တပ်ဆင်ထားခဲကလေသည်။
အခြား ရဟန်းရှင် လူများကလည်း အနည်းငယ် ပါဝင် လှူဒါန်းကြသေးကြောင်း
ကြားသိရလေသည် ။
(၇) ၂၇ တောင်နက်သော ရေတွင်းထဲမှ ရေကို ခြေထောက်နှင့် အသာနင်းကာ မျှဖြင့်
ရေတက်လာအောင် ခြေနင်းစက်တစ်လုံး ပြုလုပ်၍ပေးထားသည် ။
(၈) ၁၃၃၄ - ခုနှစ်တွင် ဆရာတော်ဘုရားကြီး ဦးက္ကန္ဒာစာရ သီတင်းသောကျောင်း အနောက်ဘက်တွင်
ကပ်လျှက် ရေလောင်း ကုဋီနှင့် ရေချိုး အိမ်တိုက် တစ်လုံးသို့ ဖြစ်ပါသည်။။
 

 
No comments:
Post a Comment