


နေပြည်တော် စက်တင်ဘာလ ၁၁
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စု သမ္မတ 
မြန်မာနိုင်ငံတော်ဆိုင်ရာ နိုင်ဂျီးရီးယား ဖက်ဒရယ် သမ္မတနိုင်ငံ 
သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ 
ချပ်ဝူဒီ နီဝင်တန် အိုကာဖောသည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ 
သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားသို့ 
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ 
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်နှင့် 
နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် 
ဦးသာအောင်ညွန့် တို့တက်ရောက်ကြသည်။
 

 
No comments:
Post a Comment