


နေပြည်တော် စက်တင်ဘာ ၁၁
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် 
နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ 
အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီ 
ပြီးဖြစ်သော သံအမတ်ကြီး မစ္စတာဟိုစိန် ကာမာလီယံ သည် ယနေ့ နံနက် ၁၁ နာရီတွင် 
နေပြည်တော်ရှိသမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ် 
ခန့်အပ်လွှာကိုပေးအပ်သည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားသို့ 
နိုင်ငံခြားရေး ဝန်ကြီိးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်၊ 
သမ္မတရုံးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်နှင့် 
နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် 
ဦးသာအောင်ညွန့်တို့ တက်ရောက်ကြသည်။
 

 
No comments:
Post a Comment