ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ များကို ဦးထိပ်ထားလျှက်

ဘလော့ခေါင်းစဉ်များ

16.07.2012 ရက်နေနံနက် 1 နာရီတိတိတွင် သည်ဆိုဒ်လေးကို တည်ထောင်ပါသည်။ အားလုံးအတွက် အချိန်တိုင်းဟာ တန်ဖိုးရှိနေသလိုပညာရှင်ကြီးများရေးသားထားသောနည်းပညာများကိုလည်းပြန်လည်မျှဝေနေပါ့မည်။★♫ အောင်မြတ်ဦး ★♫ မြင်းခြံ ★♫

Saturday, 22 September 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဗုဒ္ဓလက်ရိုးတော် ဌာပနာတိုက်တည်ရှိသည့် ဖာမန်ကျောင်းတော်၌ ဖူးမြော်ကြည်ညို

အောင်မြတ်ဦး(မြင်းခြံ) | 09:01 | Best Blogger Tips

နေပြည်တော် စက်တင်ဘာ ၂၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာလီကျွင်းဟွာနှင့် ရှန်စီးပြည်နယ် နိုင်ငံခြားရေးရုံးမှ တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာ (၁၉) ရက် နံနက်ပိုင်းတွင် ရှီအန်းမြို့မှ ကီလိုမီတာ ၉၀ခန့်အကွာပေါင်ကျီးမြို့ (Boaji City)ရှိ ဗုဒ္ဓလက်ရိုးတော် ဌာပနာတိုက်တည်ရှိရာ ဖာမန်ဘုရားကျောင်းတော်သို့ သွားရောက်ဖူးမြော်ကြည်ညို ကြသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် နံနက် (၉)နာရီမိနစ် (၄၀) တွင် ဗုဒ္ဓလက်ရိုးတော်  ဌာပနာတိုက် တည်ရှိသော ဖာမန်ဘုရားကျောင်းတော်သို့ ရောက်ရှိရာ ပေါင်ကျီးမြို့ မြို့တော်ဝန်Mr. ShangguanJiqing နှင့် တာဝန်ရှိသူများ၊ ဆရာတော်၊ သံဃာတော်များက လှိုက်လှဲပျူငှာစွာ ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဖာမန်ဘုရားကျောင်းတော် ကျောင်းထိုင် ဆရာတော်  ကျစ်ချောင်း၊ ဥက္ကဋ္ဌ ဆရာတော်ကြီးရှယ်ချွန်တို့ အမှူးပြုသောဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး ကျောင်းထိုင် ဆရာတော်ထံ ဗုဒ္ဓကျောက်စိမ်း ရုပ်ပွားတော်နှင့် ဥပ္ပါတသန္တိစေတီတော်ပုံတူ ကျောက်စီပန်းချီကားတို့ကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဆရာတော် သံဃာတော်များထံ သင်္ကန်းအစရှိသော လှူဖွယပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြပြီး ဆရာတော် သံဃာတော် များ၏ ဆုတောင်းမေတ္တာပို့သမှုကိုခံယူကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓလက်ရိုးတော် ကိန်းဝပ်စံပယ်တော် မူခဲ့သောမူလဌာပနာတိုက်အတွင်းလှည့်လည် ကြည်ညိုသည်။

ယင်းနောက်  နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဖာမန်ဘုရားကျောင်းတော်ရောက်ရှိ ဖူးမြော်ခြင်းအထိမ်းအမှတ်အဖြစ် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဖာမန်ဘုရားကျောင်းတော် ဌာပနာတိုက်အတွင်း ကိန်းဝပ်စံပယ်တော်မူလျက်ရှိသော ဗုဒ္ဓလက်ရိုးတော်အား ဖူးမြော်ကြည်ညိုကြ သည်။

ဗုဒ္ဓလက်ရိုးတော်ကိန်းဝပ်ရာ ဖာမန်ကျောင်းတိုက်သည် ရှန်စီးပြည်နယ် ပေါင်ကျီးမြို့ဖာမန် ကျေးရွာစုတွင် တည်ရှိပြီးအရှေ့ဟန်မင်းဆက်လက်ထက် အေဒီ (၆၈) တွင် စတင် တည်ဆောက်ခဲ့သည်။ ထန်မင်းဆက်လက်ထက်တွင် ဖာမန်ကျောင်း (Famen Temple) ဟုခေါ်တွင်ခဲ့ပြီးဘုရင့် မိသားစုကျောင်းဟုလည်းထင်ရှားခဲ့သည်။ ထန်မင်းဆက် နှစ်ပေါင်း (၂၀၀) ကျော် အလေးအမြတ် ပူဇော်ခဲ့ကြပြီးအေဒီ (၈၇၄) တွင် ဘုရင်လီဟွမ်က နောက်ဆုံးပူဇော်ခဲ့ကာ ဗုဒ္ဓလက်ရိုးတော်နှင့် အတူရတနာပေါင်း တစ်ထောင်ကျော်အား မြေအောက် ဌာပနာတိုက်သို့ ပြောင်းရွှေ့ပူဇော်ခဲ့သည်။

၁၅၆၉ ခုနှစ်တွင် သစ်သားဆောင်ပြိုကျခဲ့ပြီး ၁၅၇၉ ခုနှစ်တွင် ဘုံအဆင့် (၁၃) ဆင့်ပါ (၄၇) မီတာအမြင့်ရှိကျောင်းတော် တည်ဆောက်ခဲ့သည်။ ၁၉၃၉ခုနှစ်တွင် အကြီးစားပြင်ဆင်ခြင်း၊ ၁၉၈၇ခုနှစ်တွင် ဗုဒ္ဓလက်ရိုးတော်အားပြန်လည်တွေ့ရှိပြီးရှေးဟောင်းစံကျောင်းတော်နှင့် ခေတ်သစ် လက်အုပ်ချီမိုးနေသော ဒီဇိုင်းပုံစံကျောင်းတော်ကြီး တို့အား ပရဝုဏ်ကြီးအတွင်း ယှဉ်တွဲ ပူဇော်ထားရှိခြင်း၊ ၂၀၀၆ ခုနှစ်တွင် တရုတ်နိုင်ငံတော် ကောင်စီ၏ အမိန့် ဖြင့် (၆) ခုမြောက် နိုင်ငံတော် အမွေအနှစ် အဓိကအဖြစ် စာရင်းသွင်းခြင်း၊ ၂၀၀၉ ခုနှစ်တွင် ယခုလက်ရှိ အမြင့်(၁၄၈)မီတာရှိ ကျောင်းဆောင်ကို တည်ဆောက်ခြင်းများဆောင်ရွက်ခဲ့သည်။

ဗုဒ္ဓ လက်ရိုးတော်သည် ထိုင်းနိုင်ငံ၊ တရုတ်တိုင်ပေ၊ ဟောင်ကောင်တို့သို့ ပြည်ပပူဇော်ခံဒေသစာရီကြွချီခဲ့ပြီး ဖြစ်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဖာမန်ဘုရားကျောင်းတော်မှ ကီလိုမီတာ (၂၀)ခန့် ကွာဝေးသောယန်လင်းအဆင့်မြင့် လယ်ယာစိုက်ပျိုးရေး သိပ္ပံမြို့တော်သို့ ထွက်ခွာကြသည်။

ထို့နောက်မွန်းလွဲ (၁)နာရီတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအားတရုတ်- မြန်မာချစ်ကြည်ရေးအသင်းဒုတိယဥက္ကဋ္ဌMr. GengZhiyuan က International Convention Center ၌ ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့်တည်ခင်းဧည့်ခံသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ရှီအန်းမြို့မှ တစ်ဆင့် လေကြောင်းခရီးဖြင့် ရှင်းကျန့်မြို့သို့ ရောက်ရှိကြရာရှန်းကျန့်မြို့ဒုတိယမြို့တော်ဝန် Mr. Tang Jie၊ ဟောင်ကောင်မြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးဝေလွင်သန်းနှင့် တာဝန်ရှိများကရှင်းကျန့်လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ခေတ္တတည်းခိုမည့် ရှင်းကျန့်မြို့ရှိ  Futian Shangri- La ဟိုတယ်သို့ရောက်ရှိကြသည်။

No comments:

Post a Comment